သတင်း

“ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရန် နီးကပ်လာပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား”

        ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအား လွှတ်ပေးရန် ယခင်ကထက် နီးကပ်လာကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပ သည့် ပြည်သူ့လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရန်ကုန်(ရုံးခွဲ)ဖွင့်လှစ်ပွဲတွင် ပြောကြားခဲ့သည်။
‘‘နိုင်ငံရေးအကျဉ်းသား ဒါနဲ့ ပတ်သက်လို့ နှစ်ဖက်အုပ်ချုပ်ရေး အဖွဲ့နဲ့သတင်းမီဒီယာနဲ့ တခြားဘက် ကပြောတာအနှစ်သာရတူရင်တူမယ် ဒါပေမယ့်လို့ ဒီစကားရပ်ပေါ်မှာ အငြင်းထွက်သလို ရှိပါတယ်။ တစ်ဖက်က အကျဉ်းကျနေတဲ့သူ များပဲ ရှိတယ်။ တစ်ဖက်ကလည်း ယုံကြည်ချက်ကြောင့် တစ်ခါတလေ လည်း နိုင်ငံရေးအကျဉ်းသားများ ဒီလိုပြောကြတယ်။ မိမိကတော့ ဒီစကားရပ်အပေါ်မှာ ဘာမှအငြင်း ပွားမနေနဲ့ အကျဉ်းသားများ၊ အကျဉ်းသားထဲကမှ အားလုံးပါဝင် နိုင်ဖို့အတွက် နိုင်ငံ့အရေးနဲ့ပတ်သက် လို့ စိတ်ဝင်စားပြီးတော့ လုပ်မယ့် ပုဂ္ဂိုလ်မျိုးကိုတော့ အထူးဦးစားပေး စဉ်းစားရေးအတွက် ဆောင်ရွက်ပါ မယ်လို့ပြောခဲ့တာရှိပါတယ်။ နောက်တစ်ခုက ဘယ်ရက်ဆိုတာကတော့ အရင်ထက်စာရင် နီးလာပါပြီ။ နီးလာပြီပဲပြောပါရစေ ကျန်တာတော့ တခြားကန့်သတ်ချက် ကြောင့်ပါ’’ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေ မန်းက ပြောကြားခဲ့သည်။
‘‘ယုံကြည်ချက်ကြောင့် နိုင်ငံရေး အကျဉ်းသားစသဖြင့်ပေါ့ ဒီကိစ္စ တွေ ကွဲလွဲနေတဲ့စကား အခြေအတင် ပြောတဲ့အချိန်မှာ မိမိပြောခဲ့တာရှိပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း များကို ဒီစကားတွေဟာ ရှုပ်ထွေးနိုင် တယ်။ ဘယ်သူ့ကို လွှတ်ပေးစေချင် တာလဲ။ ဘာကြောင့် လွှတ်ပေးချင် တာလဲ အကြောင်းအရာဖော်ပြပြီး ပြောပါလို့ဒီ လိုပြောခဲ့တာရှိပါတယ်။ ဒါကြောင့်မို့လို့ ခုနက ယုံကြည်ချက်ကြောင့်တို့ နိုင်ငံရေးကြောင့်တို့ အကျဉ်းကျခံ ထားတယ်ဆိုတဲ့အစား မိမိတို့ကလည်း တိတိကျကျ ဘယ်သူ့ကို လွှတ်ပေးစေချင်တာလဲ ဘာကြောင့်လဲဆိုတာ ပြောပါလို့ ပြောထားပါတယ်’’ဟု ဆက်လက်ပြော ကြားခဲ့ပါသည်။

No comments: