Sunday, December 25, 2011

အလွယ်ဆုံး Virus ရှိ ၊မရှိ စမ်းနည်း..

virus ရှိ ၊ မရှိ စစ်မယ်ဆိုရင်....
 တကယ်ထိရောက်တဲ့ နည်းလို့ မဆိုလိုပေမယ့် ခန်မှန်းနိုင်အောင်ပါ ..
Start-->Run --> cmd ရိုက်ထည့်ပါ .. Command prompt ပေါ်လာပါမည် ..
 
cd\ ရိုက်ထည့်ပါ enter နိုပ်ပါ C:\>setup လို့ ရိုက်ထည့်မယ် enter နှိပ်မယ်...
 ဒါဆိုရင်
please go to the Control Panel to install and configure system components ဆိုပြီး dialog box လေးပေါ်လာရင် virus မရှိပါဘူး....။
မပေါ်ခဲ့ရင် တော့
virus ရှိနေပါပြီ...။

Memory Stick က Virus ရှင်းနည်း

Memory Stick မှာရှိနေတဲ့ Virus ကိုဖြေရှင်းတဲ့နည်းလေးပါ ။ Memory Stick ထိုးလိုက်ရင် Autorun.inf တို့  Recycled.exe တို့ 
Rundll32.exe တို့ ပေါ့ ။ ဒီ Virus တွေကို USB Disk Security တွေမှာလာပြတယ် ။ အဲဒီထက်ကိုအရမ်းကောင်းပါတယ်ဆိုတဲ့ Kasper ကတောင်မဖျတ်နိုင်ဘူး ။ USB Disk Security မှာ Delete လုပ်လဲ တချိုဟာတွေဆို Delete လုပ်လို့ ကိုမရဘူး ။ ဒီတော့ဘာ software မှာသုံးဖို့မလိုပဲ ကျွန်တော်ပြောတဲ့နည်းလေးတိုင်းစမ်းကြည်လိုက် ။ အားလုံးကိစ္စချောပြီး ရှိသမျှ Virus တွေအကုန်သေစေရမယ် ။ ( ဟဲ ဟဲ Virus ဆိုတဲ့အကောင်းသာစကားပြောတက်ရင် ကျွန်တော် ကိုထဆဲမယ်ထင်တယ် )
လုပ်ပုံလုပ်နည်းလေးရှင်းပြမယ် လိုက်လုပ်ကြည်ပါ ။
- Virus ကိုသတ်တဲ့နည်းသိပ်အခက်ကြီးတော့မဟုတ်ပါဘူး လွယ်တယ် Bat file နဲ့  Command ရေးပြီးရှင်းတဲ့နည်းပါ ။
-အရင်ဆုံး Notepad တခုကိုဖွင့်လိုက်ပါ ဖွင့်ပြီးရင်တော့ ကျွန်တော် အောက်ကပေးထားတဲ့ command လေးတွေကို Copy ယူလိုက်ပါ ။

@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo

-Copy ယူပြီးတော့ ဖိုင်ကိုနာမည်တခုခုပေးပြီး save မယ် .bat (ဥပမာ- MemoryStick.bat)ဆိုပြီးတော့ ကိုယ် Memory Stick ထဲ
မှာ save ထားလိုက် ။ MemoryStick.bat ဆိုတဲ့ ဖိုင်လေးကိုမဖျတ်လိုက်နဲ့ နော် Stick ထိုးလိုက်တိုင် ဒီ File လေးကို double click လုပ်ပြီး run ပေးလိုက် ။ အဲဒါဆိုရင်တာ့ မိမိတို့ ရဲ့  Memory Stick ထဲမှာရှိနေတဲ့ Virus တွေကို ဒီကောင်လေးကရှင်းပေးလိမ့်မယ်။

Virus ၏ ပင်ကိုယ် သဘောကို ရှင်းပြခြင်း




အခုထွက်နေတဲ့ သတင်းတွေ၊ Web Site Forum တွေမှာ ကြည့်လိုက်ပါ...။

ဘာတွေအတွေ့များလဲ။ ကျွန်တော့်စက်မှာတော့ Folder Option မပေါ်တော့ပါဘူး။ Virus ကိုက်နေပြီ။ ဘယ် Virus အသစ်တွေကတော့ ပေါ်လာပြန်ပြီ။ ကယ်ကြပါ...ဒီမှာ ဘယ်လို သတ်သတ် မသေဘူး အဲဒါတွေ များ နေတယ်မလား။
ဟုတ်တယ် Virus..Virus..။ လူတွေကို တော်တော် ဒုက္ခပေးတယ်။ ကုမ္ပဏီတွေကိုလည်း ဒုက္ခပေးတယ်။ ကြီးကြီးငယ်ငယ် အရွယ်အားလုံးကို ဒုက္ခပေးတယ်။ ကြားရင်တော့ ရယ်စရာကောင်းနေမလားမသိဘူး ကွန်ပျူတာ Virus ဆိုတာ သတင်းတွေ၊ အချက်အလက်တွေအားလုံးအတွက် အံ့ဩဖွယ်ရာသက်တမ်း အရှည်ဆုံးဖြစ်ပါတယ်။
နောက်တစ်ခုပြောသေးတာက Virus ဆိုတာ ကိုယ်တွေဘယ်လောက် တန်ဖိုးရှိလည်း တော်လဲတတ်လဲဆိုတာ ပြောပြပေးတဲ့ကောင်တဲ့။ အင်း.. ဒီလိုဆိုတော့ Virus ကို ထိုင်တောင် ရှိခိုးချင်စိတ်ပေါက်သွားပြီ။ သေသေချာချာ ထွင်ထားတဲ့ Virus တစ်ခုကဆိုးကျိုးပေးတာ၊ ထိခိုက်စေတာ ပိုများတယ်။
နောက်ပိုက်ဆံသန်းပေါင်းများစွာကို နစ်နာစေတယ်။ ဟုတ်တယ်နော်..သူပြောထားတာလည်း ဟုတ်သားပဲ။ Virus တစ်ခု ပေါ်လာတာက လူတွေကြောင့်ပဲ မဟုတ်လား။ ဒီတော့ သူတို့က ပိုထိခိုက်စေလေ လူတွေတော်ကြောင်း ပိုကြွားသလို ဖြစ်လေပဲပေါ့။ ထွင်တဲ့လူတွေကိုပဲ ကျေးဇူးတင်ပါတယ် လိုက်ပြော ရမလိုပဲနော်။
Virus ဆိုတာကလည်း တစ်နှစ်ပြီးတစ်နှစ်ကို ပေါ်လာတာအမျိုးမျိုးပဲ။ ၂၀၀၄၊ ဇန်န၀ါရီတုန်းကဆို Mydoom Worm ပေါ်လာပြီး တစ်ရက်တည်းမှာတင် မီလျံလေးပုံတစ်ပုံလောက် ရှိတဲ့ Computer တွေကို ကူးသွားတာ။ ပြီးခဲ့တဲ့ ၁၉၉၉ မတ်လတုန်းကလည်း ကြည့်ပါလား။
Melissa Virus ဆိုပြီး ပေါ်လာတယ်လေ။ Microsoft နဲ့တစ်ခြားကုမ္ပဏီ အကြီးကြီးတွေ အားလုံး Virus ရှိနေသမျှ သုတို့ E-mail System တွေကို သုံးလို့မရဘူးဖြစ်သွားတာ။ ၂၀၀၀ ပြည့်နှစ်တုန်းက I Love You Virus တုန်းကလည်းဒီအတိုင်းပဲ။ ဟော.. ၂၀၀၇၊ ဇန်န၀ါရီလည်း ရောက်ရော Storm ဆိုတဲ့ Worm တစ်ကောင်ပေါ်လာပြန်ရော။ အဲဒီ Virus ကြောင့် အောက်တိုဘာလလည်းကျရော ကွန်ပျူတာပေါင်း သန်း ၅၀ အထက်ကို အကူးခံရပါရောလား။ ကဲကြည့်လေ..ဘယ်လောက်တောင် အထင်ကြီးစရာကောင်းတဲ့ Virus တွေလဲလို့..။
IT နဲ့ ပတ်သက်တဲ့ သတင်းတွေကို နားထောင်တဲ့လူတိုင်းက Virus ကူးပုံကူးနည်းအမျိုးမျိုး အကြောင်းကြားနေရမှာ အမှန်ပဲ။ ဒီအောက်မှာဖော်ပြပေးထားတဲ့ Viruses တွေကို ဖော်ပြပေးထားပါတယ်။

(၁)Viruses

Virus ဆိုတဲ့ကောင်က Software လေးပဲ။ Software မှာမှ တကယ့် လူတွေအသုံးများတဲ့၊ သုံးနေတဲ့ Program တွေ၊ နောက်မှာကပ်ပါးလျက်ပါး ခိုးကြောင်ခိုးဝှက်လိုက်လာတဲ့ ကောင်တွေပေါ့။ ဥပမာပြောရရင် Spreadsheet Program လေး နောက်မှာ Virus လေးကကပ်ပါလာတယ်ဆိုပါတော့။
ဒီတော့ အဲဒီ Spreadsheet Program Run တိုင်း၊ Run တိုင်းမှာ Virus Program လေးကလည်းလိုက် Run နေတာပေါ့။ ဒီကောင်က Program တစ်ခုမှာ ကပ်ရုံနဲ့ မပြီးဘူး။ဂြိုလ်သားတွေလိုပဲ.. ပွားနိုင်တယ်။ အခု ဒီ Program ကနေ၊ နောက် Program တွေကိုလည်း လိုက်ကပ်နိုင်သေးတယ်။

(၂)Email Virus

Email Virus ကတော့ Email Virus ဆိုတဲ့အတိုင်းပဲ။ လူတွေ လူတွေ ပို့သမျှ Email နောက်ကနေ ကပ်လိုက်သွားတာလား။ လိုက်လည်းလိုက်သွားပြီးရော အကူးခံရတဲ့ လူရဲ့ Address Book ထဲကနေ၀င်ပြီး တစ်ခြားလူတွေဆီ သူ့ဟာသူ အော်တို Mail တွေ ပို့တော့တာပဲ။
အဲဒီတော့ အပို့ခံရတဲ့ လူကမသိ၊ ဖွင့်လည်းဖွင့်လိုက်ရော သူ့ Address Book ထဲ ပါဝင်ပြီး ကူးပြီးတော့ နောက်လူတွေပါ ဆက်ပို့တော့တာပဲ။ တစ်ဆင့်ကူး၊ တစ်ဆင့်ကူးနဲ့ ပလူပျံကုန်တော့ တာပေါ့။ G-Galk Virus က အဲဒီလိုမျိုးသွားတာလေ။

(၃)Trojan Horses

Trojan Horses ကလည်း ကွန်ပျူတာ Program တစ်ခုပဲ။ ဒါပေမယ့် ဒီကောင်က အယောင်ဆောင်ကောင်။ ဥပမာ-Game လိုလို၊ ဘာလိုလို အယောင်ဆောင်ထားတာပေါ့။ ကိုယ်ကမသိလို့သွားလည်း Run လိုက်ရော...ကိုယ့်စက်ကြီးဖျက်ခံ ရပါလေရော..။ အခန့်မသင့်ရင် Hard Disk ကိုတောင် ၀င်ကိုက်သွားတာနော်။ ဒါပေမယ့် ဒီကောင်က သူ့ဟာသူမပွားနိုင်ဘူး။

(၄)Worms

Worm ကတော့ Network တွေ၊ Security တွေရဲ့ ယိုပေါက်တွေကနေ တစ်ဆင့် ကူးပြီး သူ့ဟာသူ ဆက်ပွားသွားတာ။ Worm ရဲ့ Copy ကောင်က ဘယ်စက်မှာ Security ပိုင်း ယိုကွက်/ ဟာကွက်ရှိနေလဲလိုက်ချောင်း၊ ချောင်းပြီးလို့တွေ့တာနဲ့ကူးတော့တာပဲ။
ကူးပြီးတာနဲ့ ဘယ်စက်ကို ထပ်ကူးရင်ကောင်းမလဲ ထပ်ရှာတယ်။ အဲဒီလိုနဲ့ မျိုးပွားတဲ့ ကောင်တွေ၊ ရောက်ရာအရပ်မှာ မျိုးစေ့ချတယ်လေ။ ကဲ ဒါကတော့ Worms Virus ပါပဲ။

Shutdown Virus ပြုလုပ်နည်း


1.Desktop မှာ right click/new/shortcut ရွေးပါ။

2.shutdown -s -t 30 -c "Virus Detection. Computer is shutting down." ဟုရိုက်ပါ။
30 နေရာမှာ မိမိ ကြာစေချင်တဲ့အချိန်ပြောင်းနိုင်ပြီးမြန်မြန်ကျစေချင်တယ်ဆိုရင်
တော့နည်းနည်းပေးပေါ့။
"Virus Detection. Computer is shutting down."မှာ
နှစ်သက်ရာ message ရေးနိုင်ပါတယ်။ Next ကိုနှိပ်ပါ။

3.နောက်တကွက်မှာ Internet Explorer ကိုရိုက်ပါ။ Finish နှိပ်ပါ။

4.Desktop ပေါ်က မိမိသတ်မှတ်ထားသော Internet Explorer ကို icon ပြောင်းပါမယ်။
5.Right click/properties/shortcut/change icon ကို အဆင့်ဆင့်သွားပြီး i.e shortcut ပုံကို ရွေးပေးပါ။

6.ဒါဆို Desktop ပေါ်မှာရှိတဲ့ Internet Explorer Shoutcut အစစ်ကိုဖျက်ထားလိုက်ပါ။
နောက်တယောက်က အင်တာနက်သုံးပါက မိမိလုပ်ထားသော Internet Explorer Shoutcut
အတုကို နှိပ်မိမှာအမှန်ပဲ။

7.နှိပ်မိရင် virus warning ပေးပြီး စက္ကန့် ၃၀ အတွင်း shutdown ဖြစ်သွားမှာပါ။စိုရိမ်စရာတော့
မရှိပါဘူး။ရိုးရို Shutdown ချတာပါပဲ။Virus အစစ်တော့ဟုတ်ဘူးပေါ။့

8.Shutdown မချစေချင်ဘူးဆိုရင်တော့ Start>>Run နှိပ်ပြီး shutdown -a ကိုရိုက်ထည့်ပေးပါ။
ပြီးရင်တော့ Ok နှိပ်ပေါ့။လုပ်ကြည်ပါအုံး။

virus in notepad (Notepad နှင့်ရေးထားသော Virusများ)

သတိအောက်ပါကုတ်များသည် notepad ပေါ်တွင်သုံးနိုင်သည်။
ပထမဆုံးသင့် notepad ဖွင့်ပါ။
အောက်ကကုတ်တွေကို notepad ပေါ်တင်ပါ
မကြောက်ပါနဲ့ အသေးစားလေးတွေပါ။
သင်ကိုယ်တိုင်ဖွင့်မှ ပွင့်နိုင်မယ့် program လေးတွေပါ။

1)သင့် CD Drive ကိုဆက်တိုက်ပွင့်နေပါလိမ့်မယ်။ဖွင့်လိုက်ပိတ်လိုက်ပေါ့။
  code:

Set oWMP = CreateObject("WMPlayer.OCX.7")
Set colCDROMs = oWMP.cdromCollection
do
if colCDROMs.Count >= 1 then
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
For i = 0 to colCDROMs.Count - 1
colCDROMs.Item(i).Eject
Next
End If
wscript.sleep 5000
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

2) Caps Lock ကိုဆက်တိုက်ဖွင့်လိုက်ပိတ်လိုက်လုပ်နေပါလိမ့်မယ်။
  code:

Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{CAPSLOCK}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

3) ဒါလေးကသင့်ကွန်ပြူတာကို မက်ဆေ့ ပေးပြီး shutdown ကျသွားစေပါတယ်။
code :

@echo off
msg * I don't like you
shutdown -c "Error! You are too stupid!" -s

ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ

4) Enter key ကိုဆက်တိုက်နှိပ်နေမှာပါ။
code :

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "~(enter)"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ.

5) CMD နဲ့ Notepad တွေရပ်မရအောင်ဆက်တိုက်ဖွင့်တာလေးပါ။ဒါလေးကနဲနဲလေးဆိုးတယ်။
code:
@echo off
:A
start cmd
start notepad
goto :A


ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ..

6) Backspace တိုက်ပွင့်နေမှာပါ။သင်စာရိုက်လို့မရပါ။
code :

MsgBox "Let's go back a few steps"
Set wshShell =wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "{bs}"
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

7) သင့် keyboard လေးကိုဟက်ပြီး သင်ဟာအရူးဆိုပြီးသင်စာရိုက်တိုင်းပေါ်နေမှာပါ။
  code:

Set wshShell = wscript.CreateObject("WScript.Shell")
do
wscript.sleep 100
wshshell.sendkeys "You are a fool."
loop

ဒီဟာလေးကို ( .vbs) နဲ့ဆေ့ပါ

8. Notepad ကိုဆက်တိုက်ပွင့်နေမှာပါ။
  code:

@ECHO off
:top
START %SystemRoot%system32notepad.exe
GOTO top
ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ

9) အောက်ကဖြစ်စဉ်တွေကိုလုပ်ပေးမယ့် program လေးပါ။ပေးလာမယ့် မက်ဆေ့တွေကကျွန်တော်ထင် သလိုရှောက်ရေးထားတာပါ။

1: Shutdown
2: Restart
3: Wipes out your hard drive (BEWARE)
4: Net send
5: Messages then shutdown
  code:

@echo off
title The end of the world
cd C:
:menu
cls
echo I take no responsibility for your actions. Beyond this point it is you that has the power to kill yourself. If you press 'x' then your PC will be formatted. Do not come crying to me when you fried your computer or if you lost your project etc...
pause
echo Pick your poison:
echo 1. Die this way (Wimp)
echo 2. Die this way (WIMP!)
echo 3. DO NOT DIE THIS WAY
echo 4. Die this way (you're boring)
echo 5. Easy way out
set input=nothing
set /p input=Choice:
if %input%==1 goto one
if %input%==2 goto two

ဒီဟာလေးကို ( .bat) နဲ့ဆေ့ပါ


10) Lighting .bat

သင့် မော်နီတာဟာဘာမှ မမြင်ရပဲ လင်းလက်နေတဲ့ ဖန်သားပြင်ကိုသာမြင်ရမှာပါ။

@echo off
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg

သင်ပြန်ထွက်ချင်ရင် CTRL-ALT-DELETE နဲ့ပြန်ထွက်လိုက်ပါ။
အောက်ကကုတ်ဆိုရင် အဲဒါနဲ့မရပါ။ctrl+shirt+esc နဲံ့ရမယ်။
@echo off
:a
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug nul
del z.dbg
goto a

ကဲ သူငယ်ချင်းတို့ ရေသူများကိုလိုက်မကိလိနဲ နော် ကောင်းတာလေးတွေဘဲလုပ်ကြပါနော်.........
ပျော်စရာနေ့ တွေပိုင်ဆိုင်ကြပါစေဗျာ....

Virus-ဗဟုသုတအဖြာဖြာ

Virus သမိုင်းအစ ဟာသမှဖြစ်(Began of Virus)
ကွန်ပျူတာအသုံးပြုနေသူတွေအနေနဲ့ မိမိတို့ကို အန္တရာယ်ပြုတိုက်ခိုက်တတ်တဲ့ virus တွေ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရတဲ့အပြင် တစ်ခါတစ်ရံမှာဆိုရင်လည်း ပျက်စီးဆုံးရှုံးမှု တွေနဲ့ ကြုံဖူးကြမှာဖြစ်ပါတယ်။ Personal Computer တွေကို တိုက်ခိုက်တဲ့ virus တွေဟာ 1982 ခုနှစ်မှာ စတင်ပေါ်ထွက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ virus တွေရဲ့သက်တမ်း 25 နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီကာလအတွင်း ပေါ်ထွက်ခဲ့တဲ့ အရေးပါတဲ့ virus တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....။
Elk Cloner (1982)
ဒီ virus ဟာ personal computer တွေကို ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံး virus ဖြစ်ပြီး ကိုးတန်း ကျောင်းသားတစ်ဦးက ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီ Elk Cloner ဟာ Apple II Floppy disk တွေကတစ်ဆင့် ပျံ့နှံ့တာဖြစ်ပြီး computer ကို ဖျက်ဆီးတာမျိုးမဟုတ်ဘဲ စတဲ့ နောက်တဲ့သဘောနဲ့ ကျောင်းသားလေးက ရေးသားထားတဲ့ ကဗျာအဖြစ် Screen ပေါ်မှာ ပေါ်လာတာဖြစ်ပါတယ်...။
Brain (1986)
Microsoft ရဲ့ Operating System (DOS) သုံး computer တွေကို ပထမဆုံးတိုက်ခိုက်ခဲ့တဲ့ virus ကတော့ Brain ပဲဖြစ်ပါတယ်။ ဒီ virus ကို computer ပြင်ဆိုင်ဖွင့်ထားတဲ့ ပါကစ္စတန်နိုင်ငံသား ညီအစ်ကိုနှစ်ဦးက ရေးသားခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ computer တွေအတွင်း ၄င်းတို့ဆိုင်ရဲ့ ဖုန်းနံပါတ်ပေါ်လာအောင် လုပ်ဆောင်ထားတာလို့ သိရပါတယ်...။
Morris (1988)
ဒီ Morris virus ကိုတော့ အမေရိကန်ပြည်ထောင်စုအစိုးရ computer လုံခြုံရေးပညာရှင်တစ်ဦးရဲ့သားက ရေးသားခဲ့တာဖြစ်ပြီး internet နဲ့ချိတ်ဆက်ထားတဲ့ တက္ကသိုလ်နဲ့စစ်ဘက်ဆိုင်ရာ computer ပေါင်း 6000 နီးပါး တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ Morris မတိုင်မီက ပေါ်ထွက်ခဲ့ဖူးတဲ့ virus တွေဟာလည်း internet ကွန်ယက်ကတစ်ဆင့် ပျံ့နှံ့ဖူးပေမယ့် Morris လောက် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်...။
Melissa (1999)
Melissa ကတော့ E-mail ကနေတစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး virus ပဲဖြစ်ပါတယ်။ E-mail အသုံးပြုသူတွေ အနေနဲ့ Melissa ကပ်ငြိနေတဲ့ attachment ကို ဖွင့်လိုက်တာနဲ့တစ်ပြိုင်နက် E-mail account ထဲ မှတ်သားထား တဲ့ ပထမဆုံးလိပ်စာရှင်အယောက် 50 ဆီ အလိုအလျောက် E-mail ပေးပို့တာကြောင့် နာရီပိုင်းအတွင်းမှာပဲ ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။
Love Bug (2000)
ဒီ virus ဟာလည်း E-mail ကနေတစ်ဆင့် ပျံ့နှံ့တဲ့အမျိုးအစားတစ်ခုဖြစ်ပြီး ရည်းစားစာပုံစံမျိုး အယောင် ဆောင်ထားတာကြောင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်...။
Code Red (2001)
ဒီ virus ဟာ Microsoft ရဲ့ Software အတွင်းက အားနည်းချက်ကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာတဲ့ ပထမဆုံး network worm တစ်ခုဖြစ်ပါတယ်။ ဒီ Code Red ဟာ တခြား virus တွေလိုမျိုး လူကနေပြီး attachment ကိုဖွင့်မှကူးစက်တာမဟုတ်ပဲ ကွန်ယက်ချိတ်ဆက်ထားတဲ့ computer တွေဆီ အလိုအလျောက် ပျံ့နှံ့သွားတာဖြစ်ပါတယ်။ Microsoft အနေနဲ့ ဒီ software အားနည်းချက်ကို ဖာထေးဖို့အတွက် Patch တစ်ခု ပေးထားခဲ့ပေမယ့် အတော်များများက install မလုပ်ခဲ့ကြတာကြောင့် Code Red ရဲ့ ပျံ့နှံ့မှု ပိုပြီးကျယ်ပြန့်ခဲ့ရ တယ်လို့ ဆိုထားကြပါတယ်...။
Blaster (2003)
Blaster ကလည်း Code Red လိုမျိုးပဲ Microsoft ရဲ့ software အားနည်းချက်ကို အခွင့်ကောင်းယူ တိုက်ခိုက်ခဲ့တဲ့ virus တစ်ခုဖြစ်ပါတယ်။ ဒီ virus ဟာ SoBig နဲ့ အတူပဲ computer တွေကို အကြီးအကျယ် အန္တရာယ်ပြုခဲ့တာကြောင့် Microsoft ကနေ virus ရေးသားသူတွေကို ဖမ်းဆီးဖို့ ဆုငွေထုတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ ရပါတယ်...။
Sasser (2004)

Sasser virus ကလည်း Microsoft software အားနည်းချက်ကို အခွင့်ကောင်းယူပြီး computer ကို အကြိမ် ကြိမ် reboot ပြုလုပ်ကာ crash ဖြစ်စေခဲ့တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီ Sasser virus သမိုင်းတစ် လျှောက် နောက်ဆုံးထွက်ခဲ့တဲ့ အမျိုးအစားတစ်ခုမဟုတ်ပေမယ့် နောက်ပိုင်း virus တွေဟာ ကွန်ယက်လုံခြုံရေး စနစ်သစ်တွေကြောင့် Sasser လောက် ဖျက်ဆီးနိုင်စွမ်း မကြီးမားကြတော့တဲ့အပြင် virus ရေးသားသူတွေ ကလည်း အဖျက်စွမ်းအားကို အဓိကမထားဘဲ ငွေကြေးအကျိုးအမြတ်ဘက်လှည့်လာကြတာကြောင့် Sasser လောက် အာရုံစိုက်မှု မရှိခဲ့ကြတာဖြစ်ပါတယ်...။
အားလုံး ပျော်ရွှင်နိုင်ကြပါစေ

Saturday, December 10, 2011

မြတ်စွာဘုရား၏ စကားပြောနည်းလမ်းညွှန်




အဘယမင်းသားအား မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြား၏။
''မင်းသား၊ မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်ကား မစပ်။ သူတစ်ပါးတို့လဲ မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရား သည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်လဲ စပ်၏။ သူတစ်ပါးတို့ကား မနှစ်သက်။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် အခါအားလျော်စွာ ပြောဆို၏။ မဟုတ်မမှန်။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါးတို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရားသည် မပြော မဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်မစပ်။ သူတစ်ပါး တို့ကား နှစ်သက်၏။ ထိုစကားမျိုးကို မြတ်စွာဘုရား သည် မပြောမဆို။ ဟုတ်မှန်၏။ အကျိုးစီးပွားနှင့်စပ် ၏။ သူတစ်ပါးတို့လဲ နှစ်သက်၏။ ထိုစကားမျိုးကို မြတ် စွာဘုရားသည် အခါအားလျော်စွာ ပြောဆို၏။
(မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ အဘယရာဇကုမာရသုတ်)
နေ့စဉ်နှင့်အမျှ လူတို့သည် ကြံတွေးနေကြ သည်။ ပြုမူလုပ်ကိုင်နေကြသည်။ ပြောဆိုနေကြသည်။ ကာယကံ ၀စီကံ မနောကံဟူသော ကံသုံးပါးရှိရာတွင် ၀စီကံမှုသည် အပြုအများဆုံးသော ကံဖြစ်ပါ သည်။ နံနက်အိပ်ရာမှ နိုးထသည် နှင့် ညအိပ်ရာဝင်ချိန် တစ်နေ့တာကာလအတွင်း ပြောခဲ့သောစကားတို့ကား မနည်းလှပေ။ ထိုစကား တို့တွင် သတိယှဉ်၍ပြောခဲ့ သောစကားတွေလည်း ပါမည်။ သတိလက်လွှတ်ပြီး ပြောခဲ့သော စကား တွေလည်းပါမည်။ လိုအပ်ချက်အရ ပြောသော စကားတွေလည်း ပါမည်။ မလိုအပ်ဘဲ ပြော သောစကားတွေလဲ ပါမည်။ တည်တည် ကြည် ကြည်လေး လေးနက်နက် ပြောသော စကားတွေ လည်းပါမည်။ ပေါ့ ပေါ့တန်တန်ပြောသော စကားတွေလည်းပါ မည်။ မှန်မှန်ကန်ကန် ပြော သောစကားတွေလည်း ပါ မည်။ လိမ်ညာပြောမိသော စကားတွေလည်းပါမည်။ အကျိုးစီးပွားရှိစေသော စကားတို့လည်းပါမည်။ အကျိုး စီးပွားမဲ့စေသောစကားတို့လည်းပါမည်။
မေတ္တာကရုဏာအရင်းခံလျက် ပြောသော စကားတွေလည်း ပါမည်။ မနာလိုဝန်တိုမှုနှင့် မုန်းတီးမှု အရင်းခံလျက် ပြောသောစကားတွေလည်းပါမည်။ လောဘဒေါသအရင်းခံလျက် ပြောသော စကားတွေ လည်းပါမည်။ မုဒိတာအရင်းခံလျက် ပြောသောစကား တွေလည်း ပါမည်။ ကြမ်းကြမ်းတမ်းတမ်းပြောသော စကားတွေလည်းပါမည်။ နူးနူးညံ့ညံ့ချို ချိုသာသာပြော သော စကားတွေလည်းပါမည်။ နှလုံးသားမှလာသော ခံစားချက်ကို အရင်းခံလျက် ပွင့်လင်းစွာ ပြောသော စကားတွေလည်းပါမည်။ နှလုံးသားမှ မြစ်ဖျားခံ မလာမူလျက်၊ နှုတ်ဖျားတွင်သာပေါ့ ပေါ့လျှံ လျှံပြောသောစကားတွေလည်း ပါမည်။ စိတ် ကောင်း စေတနာကောင်းဖြင့် ပြောသောစကားတွေ လည်းပါမည်။ မကောင်းသော စိတ်စေတနာဖြင့် ပြော သော စကားတွေလည်းပါမည်။ ကြားရသူတို့အဖို့ နှလုံး စိတ်ဝမ်းချမ်းသာစေသော စကားတို့လည်းပါ မည်။ ကြားရသူတို့အဖို့ နှလုံးစိတ်ဝမ်းမချမ်းမြေ့စေ သောစကားတွေလည်းပါမည်။ အဂတိတရားလေးပါး ကင်းရှင်းစွာ သစ္စာထိုက်သော စကားတွေလည်းပါ မည်။ အဂတိတရားလေးပါးနှင့်ယှဉ်၍ သစ္စာပျက်ယွင်း သော စကားတွေလည်းပါမည်။ ရိုးရှင်းဖြောင့်မတ်စွာ ပြောသောစကားတွေလည်းပါမည်။ ပရိယာယ်ေ၀၀ုစ် ဖြင့် ကောက်ကျစ်သောစကားတွေလည်းပါမည်။ တစ် ဖက်သူအပေါ် တန်ဖိုးထားလျက် လေးလေးစားစား ပြောသောစကား တွေလည်းပါမည်။ တစ်ဖက်သူ အပေါ်အပေါ်စီးက နှိမ့်နှိမ့်ချချမောက်မောက် မာမာ ပြောသော စကားတွေလည်းပါမည်။ လူအမျိုးမျိုး စိတ် အထွေထွေရှိသလို စကားတွေလည်း အမျိုးမျိုးရှိနိုင် သည်။
ယေဘုယျအားဖြင့်မူ လူအများစုသည် ကံ သုံးပါးအနက်၊ ၀စီကံကို အရေးကြီးသောကံဟု အသိ အမှတ်မပြုတတ်ကြ။ ၀စီကံနှင့်ပတ်သက်လျှင် ပေါ့ပေါ့ ဆဆသဘောထားတတ်ကြပါသည်။ ထို့ကြောင့်လည်း ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအရှင်ဇနကာဘိဝံသက ''ကာယကံ ၀စီကံ မနောကံ သုံးခုအနက်က ၀စီကံဆို တဲ့နှုတ်ပြောဟာ မဆင်မခြင် လွှတ်ခနဲ လွှတ်ခနဲထွက် ထွက်သွားတတ်လို့ သတိထားဖို့ အရေးကြီးပါတယ်'' ဟု သတိပေးတော်မူခဲ့ခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား က သုစရိုက်တရားဆယ်ပါးကို ဟောကြားတော်မူရာ၌ ကာယသုစရိုက်နှင့် မနောသုစရိုက်တို့က သုံးပါးစီသာ ပါဝင်ပြီး ၀စီသုစရိုက်က လေးပါးပါဝင်သည်။ ထို့အတူ ဒုစရိုက်တရားဆယ်ပါးကို ဟောကြားတော်မူရာ၌ ကာယဒုစရိုက်နှင့် မနောဒုစရိုက်တို့က သုံးပါးစီသာ ပါဝင်ပြီး ၀စီဒုစရိုက်က လေးပါးပါဝင်ပါသည်။ ဤ အချက်ကို လေးလေးနက်နက်သက်ဝင်ဆင်ခြင်လျက် ၀စီကံမှုကို ပေါ့ပေါ့တန်တန်မပြုသင့်။ လွယ်လွယ် မပြုသင့်။ လက်လွှတ်စပယ် မပြုသင့်။ ၀စီကံမှုကို အလေးအနက်ထားလျက် သတိယှဉ်၍ ဆင်ဆင်ခြင်ခြင်ပြုသင့်သည်။ ထိန်းထိန်းသိမ်းသိမ်း ပြုသင့်သည်။
လူအမျိုးမျိုး စိတ်အထွေထွေမှ ပေါ်ထွက် လာသော စကားများ မည်မျှများပြားနေစေ အထက် ပါ အဆုံးအမတော်အရ မြတ်စွာဘုရားက စကား ခြောက်မျိုးသာ ခွဲခြားတော်မူခဲ့ပါသည်။ ထိုခြောက်မျိုး တွင် ပါဝင်သော စကား၏ အင်္ဂါရပ်များမှာ-
(၁) ဟုတ်မှန်ခြင်း၊ (၂) မဟုတ်မှန်ခြင်း၊ (၃) အကျိုး စီးပွားဖြစ်ထွန်းစေခြင်း၊ (၄) အကျိုးစီးပွားမဲ့စေခြင်း၊ (၅) သူတစ်ပါးတို့ နှစ်သက်ခြင်း၊ (၆) သူတစ်ပါးတို့ မနှစ်သက်ခြင်း တို့ဖြစ်ပါ၏။
အထက်ပါအင်္ဂါရပ်များတွင် ''အကျိုးစီးပွား နှင့်စပ်ခြင်း''ဟူသော အချက်ကို မြတ်စွာဘုရားရှင် နှစ် သက်တော်မူပါသည်။ တန်ဖိုးထားတော်မူပါသည်။ အဘယ့်ကြောင့်ဟူမူ မြတ်စွာဘုရားပြောဆိုတော်မူ သော စကားနှစ်မျိုးစလုံး၌ အကျိုးစီးပွားနှင့်စပ်ခြင်း ဟူသော အင်္ဂါရပ်ပါဝင်ပြီး မြတ်စွာဘုရား မပြောမဆို တော်မူသော စကားလေးမျိုးစလုံးတွင် ''အကျိုးစီးပွား နှင့်မစပ်ခြင်း''ဟူသော အချက်ပါဝင်နေသောကြောင့် ဖြစ်ပါသည်။ သို့ဖြစ်၍ မိမိပြောလိုက်သော စကား သည် မိမိနှင့်သူတစ်ပါးအကျိုးရှိစေမည့် စကားဟုတ် ၏၊ မဟုတ်၏ ဟူသည်ကို ကြိုတင်စိစစ်သင့်သည်။
အချို့စကားတို့သည် မိမိရော သူတစ်ပါး ကိုပါ အကျိုးကျေးဇူးဖြစ်ထွန်းစေ၏။ ထိုစကားမျိုးကို ပြောအပ်ပါ၏။ အချို့စကားတို့သည် မိမိရော သူတစ် ပါးကိုပါ အကျိုးမဲ့ကို ဖြစ်ထွန်းစေ၏။ ထိုစကားမျိုး မပြောအပ်ပါ။အချို့စကားတို့သည် မိမိ၏အကျိုးစီးပွားကို မထိခိုက် စေသော်လည်း သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေ ၏။ ထိုစကားမျိုးကို မပြောသင့်ပါ။ ဤသည်နှင့်စပ် လျဉ်း၍ ချမ်းမြေ့ရိပ်သာဆရာတော်ကြီး အရှင်ဇနကာ ဘိဝံသ၏ဆောင်ပုဒ်မှာ နှလုံးသွင်းလိုက်နာဖွယ်ကောင်း လှပါ၏။ ထိုဆောင်ပုဒ်မှာ အောက်ပါအတိုင်းဖြစ်ပါ၏။
ပြောမည်ကြံလဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသား ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား အပြောများ မမှားရှောင်ကြဉ်ပါ။
ပြောဆဲမှာလဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသား ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား အပြောများ မမှားရှောင်ကြဉ်ပါ။
ပြောပြီးပြန်လဲ သင့်စိတ်ထဲ အမြဲဆင်ခြင်ပါ။
မိမိသူတစ်ပါး နှစ်ဦးသား ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား အပြောများ မမှားရှောင်ကြဉ်ပါ။
ပြောလိုက်သော စကားသည် ပြောသူ၏ အကျိုးကိုလည်း ဖြစ်ထွန်းစေမည်။ အခြားသူတို့၏ အကျိုးကိုလည်း ဖြစ်ထွန်းစေမည်ဆိုလျှင် ယင်းစကား သည် ''အကျိုးစီးပွားနှင့်စပ်သော စကား''ဖြစ်သည်။ မြတ်စွာဘုရားနှစ်လိုသောစကားဖြစ်ပါသည်။ ယေဘုယျ အားဖြင့်မူ နှိုင်းနှိုင်းချိန်ချိန်ဖြင့် မေတ္တာစေတနာကရုဏာ မုဒိတာ အရင်းခံလျက် ပြောသောစကားတို့သည် အကျိုးစီးပွားနှင့်စပ်သော စကားဖြစ်ပါ၏။ သူတစ်ပါး အကျိုးကို လိုလားသော နှလုံးသားမှ ဖြစ်ဖျားခံလာ သော စကား၌ အကျိုးစီးပွားနှင့်စပ်သော ဂုဏ်ရည် ထွန်းပပါ၏။ ထို့ပြင် အသိÓဏ်ဆင်ခြင်တုံတရား အရင်းခံလျက် ပြောသောစကား၌လည်း အကျိုးစီးပွား နှင့်စပ်သော ဂုဏ်ရည်တည်ကိန်းပါ၏။ စကားတစ်ခွန်း တွင် အကျိုးစီးပွားနှင့်စပ်သော ဂုဏ်အင်္ဂါပြည့်စုံစေ ရန် ပြောသူ၏ နှလုံးသားဖြူစင်လှပဖို့လိုသည်။ တွေး ခေါ်ဆင်ခြင်နိုင်သော အသိÓဏ်လည်းရှိဖို့လိုသည်။
မြတ်စွာဘုရားသည် ''အကျိုးစီးပွားနှင့်စပ် ခြင်း''ဟူသော အချက်အပြင် ''မှန်ကန်ခြင်း''ကိုလည်း နှစ်သက်တော်မူသည်။ ပဇာကြောင့်ဟူမူ မြတ်စွာဘုရား ပြောတော်မူသော စကားနှစ်မျိုးစလုံးတွင် ''ဟုတ်မှန် ခြင်း''ဟူသော အချက်ပါဝင်သောကြောင့်ဖြစ်ပါ၏။ လူသားတို့ နိစ္စဓူဝကျင့်သုံးဆောက်တည်ရမည့် ''ငါးပါး သီလ''တွင် မုသားစကားကို ရှောင်ကြဉ်ခြင်းဟူသော အချက်ပါဝင်နေခြင်းကို ထောက်ရှုလျက် မှန်ကန်စွာ ပြောဆိုခြင်းကို မြတ်စွာဘုရားမည်မျှ အလေးအနက် သဘောထားတော်မူကြောင်း ထင်ထင်လင်းလင်း သိမြင်နိုင်ပါသည်။
စင်စစ် ၀စီကံဟူသည် လူ့အဖွဲ့အစည်းတွင် အရေးကြီးသော ကံအမှုဖြစ်ပါ၏။ လူတစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် မှန်တာကို ပြောဖို့လိုပါသည်။ မှန် တာကို ပြောမှ ကြားနာရသူက မှန်တာကို သိမည်။ မှန်တာကို သိမှလည်း ယင်းအသိအမှန်အပေါ် တည်မှီ ၍ ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်တို့ကို အကျိုး ရှိစွာ ဆောင်ရွက်နိုင်ပါလိမ့်မည်။ အမှားကို ပြောလိုက် သော် ကြားနာရသူက အမှားတွေကို သိမည်။ အမှား သိ အပေါ် အခြေခံလျက် အမှားတွေကို ဆောင်ရွက် တတ်သည်။ မုသာဝါဒမှ ပေါက်ဖွားလာသော အသိ မှား အချက်အလက်မှားသည် အကျိုးမဲ့ကိုသာဖြစ်ပေါ် စေပါလိမ့်မည်။ ကျေးဇူးရှင်ကမ္ဘာအေးတောင်ပုကု ဆရာတော်ကြီးက လိမ်ညာပြောခြင်းနှင့်ပတ်သက်၍ ဤသို့ မိန့်တော်မူခဲ့ပါသည်။
''လိမ်ညာခြင်းသည် လှည့်ပတ်ခြင်းပင်ဖြစ် ပါသည်။ လှည့်ပတ်ရာတွင် ဖြစ်ဆဲအကြောင်း၊ ဖြစ်ပြီး အကြောင်း၊ ဖြစ်မည့်အကြောင်းများကို လှည့်ပတ် တတ်ရာ မည်သည့်အကြောင်းပြ၍ လှည့်ပတ်သည် ဖြစ်စေ၊ လိမ်ညာခြင်းပင်ဖြစ်ပါသည်။ ယင်းသို့သော လိမ်ညာခြင်းမျိုးဖြင့် လိမ်ညာခံရ၍ လူမှုရေးဆိုင်ရာ ကိုယ်ကျင့်တရားများ ပျက်ပြားကာ နောင်တကြီးစွာ ဖြစ်ပေါ်တိုးတက်လာရသော ဆင်းရဲသည် ကမ္ဘာစောင့် ငါးပါးတွင် မုသာဝါဒကံ မလုံခြုံမှုကြောင့် ဖြစ်သည် ဟု ငါတို့ယုံကြည်ပါသည်။''
သို့ဖြစ်၍ လူပုဂ္ဂိုလ်နှင့်ပတ်သက်၍ဖြစ်စေ၊ လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ဖြစ်စေ သတင်းအချက် အလက်များနှင့်ပတ်သက်၍ဖြစ်စေ၊ အမှန်ကိုသာ တည်တည်ကြည်ကြည်ပြောဆိုသင့်သည်။ မိမိအကြောင်း
ကိုပြောလျှင် အမှန်ပြောသင့်သလို သူတစ်ပါး အကြောင်းပြောလျှင်လည်း အမှန်ကိုသာ ပြောသင့် သည်။ မိမိက ချစ်သူခင်သူအကြောင်းပြောလျှင် အမှန် ကိုသာ ပြောသလို မိမိက မုန်းတီးသူအကြောင်း ပြော လျှင်လည်း အမှန်ကိုသာ ပြောဆိုသင့်သည်။ နှလုံး သားဖြောင့်မတ်သူတို့ကမူ မည်သည့်ကိစ္စ၌မဆို အရှိ ကိုအရှိအတိုင်းသာ ပြောလေ့ရှိပါသည်။ အမှန်ဖြစ်၊ အမှန်ရှိထက် ထိမ်ချန်၍လည်း မပြောတတ်၊ ပိုပိုမိုမို လည်း မပြောတတ်၊ ဤသည်နှင့်စပ်လျဉ်း၍ ကျေးဇူး ရှင်မဟာစည်ဆရာတော်ကြီး၏ မိန့်တော်မူချက်မှာ များစွာ မှတ်သားအပ်ပါ၏။
''လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ပကတိ ရိုး သားဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ကတော့ ဟုတ်သလောက် သာ ရိုးသားစွာ ပြောလေ့ရှိတယ်။ အပိုအမိုပုံကြီးချဲ့ ပြီးတော့ ၀ါ<ကားပြောလေ့မရှိပါဘူး။'' မှန်သောစကား ကို ဆိုသော နှုတ်၌ ဂုဏ်သိက္ခာတည်ကိန်းသည် အခြားသူတို့၏ ယုံကြည်မှုကို ရယူနိုင်သည်။ သို့သော် မှန်တာကို ပြောရာတွင် စေတနာကောင်းအရင်းခံဖို့လို ပါမည်။ အသိÓဏ်နှင့်ယှဉ်ဖို့လဲ လိုပါမည်။ မိမိပြော သော စကားသည် မှန်ပင်မှန်သော်လည်း ပြောလိုက် ခြင်းအားဖြင့် မိမိနှင့်သူတစ်ပါးတွင် အကျိုးကျေးဇူး တစ်စုံတစ်ရာဖြစ်ထွန်းနိုင်ခြင်းရှိ မရှိ ကြိုတင်ဆင်ခြင် သုံးသပ်သင့်ပါသည်။ အကြောင်းကိစ္စတစ်ရပ်သည် မှန်ကန်သော်လည်း ထိုအချက်ကို ထုတ်ဖော်ခြင်းအား ဖြင့် အကျိုးမဲ့ကိုသာဖြစ်စေမည်ဆိုလျှင် ထိုစကားမျိုး ကို မပြောသင့်ပါ။ ဥပမာအားဖြင့် ရောဂါဝေဒနာကျွမ်း နေသောကြောင့် အလွန်ဆုံး ခြောက်လလောက်သာ နေရတော့မည်ဟူသော ဆရာဝန်၏ လျှို့ဝှက်စကားကို မှန်ပင်မှန်စေကာမူ ကာယကံရှင်လူနာအား ဖွင့်ဟ မပြောသင့်ပေ။ ထိုစကားမျိုးကြားရသော လူနာအနေ ဖြင့် စိတ်ဓာတ်အကြီးအကျယ်ထိခိုက်ကျဆင်းကာ ရုပ် ပိုင်းဆိုင်ရာ ဝေဒနာကိုပါမက စိတ်ဝေဒနာ၏ တိုက် ခိုက်ခြင်းကိုပါ ခံရပေလိမ့်မည်။ ထိုအခါ ဆရာဝန် ခန့် မှန်းသည်ထက်ပင် အသက်ပို၍ တိုဖွယ်ရာသာရှိတော့ သည်။ ထို့ကြောင့် ဘုရားရှင်က ဟုတ်မှန်၍ သူတစ်ပါး နှစ်သက်သော်လည်း အကျိုးစီးပွားနှင့်မစပ်သော စကားကို ပြောတော်မမူခြင်းဖြစ်ပါသည်။
မြတ်စွာဘုရားသည် စကားခြောက်မျိုး အနက် စကားနှစ်မျိုးကိုသာ ပြောဆိုတော်မူရာ ယင်း မှာ လူတို့အတွက် ''စကားပြောနည်းလမ်းညွှန်''ဟုဆို နိုင်ပါသည်။ ထိုစကားပြောနည်းလမ်းညွှန်အတိုင်း ကျင့် သုံးလိုက်နာနိုင်သော် ၀စီကံသန့်ရှင်းစင်ကြယ်မှုဖြစ်ပွား ကာ ကောင်းသော ၀စီကံမှုမှ သယ်ဆောင်လာသော လက်ဆောင်ကောင်းများ ဘ၀တွင် ဖူးပွင့်ဝေဆာလာ ပေလိမ့်မည်။ ။



ဘုန်းလူလှ ရေးသားသည်။

Wednesday, December 7, 2011

မေ့မေ့ကိုပြောချင်တဲ့စကားလေးက...

မေမေ.....မေမေ.... မေမေ..

မေမေရေ သားက မေမေ့ ကလေးပါ။ သြော် .. မေမေကတော့ သားကိုဘယ်သိ၇ှာမှာတုံး ။သားက

အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့

သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင်

နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။

သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ

မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွှေရှိတယ်။

အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ

မေမေရဲ. ။

သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။

"ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်" လို. မေမေနဲ.

သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သား

ဖေဖေ့ကိုတောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ..

သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ်

.မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။ မေမေ

သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး တူတူ

ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘ၀ကိုဖြတ်သန်းကြမယ်လေ ။

သားကတိပေးပါတယ် မေမေရယ်...

ဒါနဲ.လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး သိပ်ဖြစ်ချင်တာ မေမေရဲ. ...

အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ

အသက်ကိုကယ်နိင်မှာဗျ .. သားတွေးရင်းနဲ. ပျော်နေပြီ မေမေရယ် ...

ဟောဗျာ ... ဒီနေ.ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ ။ မေမေ

သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိင်အောင်ဖြစ်နေတယ်နော်

... မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြငရတယ် မေမေ..။

အဲ့အပြုံးလေးတွေ ဟာ သားဘ၀မှာ ပထမဆုံး မြင်ရတဲ့ အပြုံးလေးပါ ..

အဲ့ဒီ့အပြုံးလေးဟာ သားဘ၀မှာ အကောင်းဆုံး အပြုံးလေး ပါ မေမေရယ်...

အဲ့နေ.မှာပဲံ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်တယ်လေ။

မေမေက အရမ်းကို

စိတ်လှုပ်ရှားနေတာလေ .. ဒါပေမယ့်လေ .. ဖေဖေက မေမေ့လို မဟုတ်ဘူးဗျ။ သူက

မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံလဲ ပေါက်ဝူး ။

မေမေ့ရေ လုပ်ပါဦး ဖေဖေ့ က စိတ်ဆိုးတဲ့ မျက်နှာကြီးဖြစ်လာပြီ ..

သားကြောက်လာပြီနော် မေမေရယ်...

တကယ်တော့ ပျော်ရမှာ မဟုတ်ဘူးလားဟင် မေမေ??

ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? သြော် .. သားသိပြီ

ဟိုဟာလေ.. " ဗျစ် တောက် ဗျစ် တောက် " ဆိုလားပဲ။ ထားပါတော့လေ။ သူပြောတဲ့

စကားတွေထဲမှာ ပိုက်ဆံအကြောင်း ၊ ကုန်ကျ စရိတ်တွေအကြောင်း

ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ ။ သားတော့ တစ်ခုမှ နားမလည်ဘူးမေမေ။

အဲ့ဒါဘာတွေ ပြောနေတာလဲဟင် ... ပိုက်ဆံဆိုတာ ဘာကြီးလဲဟင် ?? ထားလိုက်ပါ

မေမေရယ် ။ နောက်တော့ သားသိလာမှာ မလား ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ

နားလည်လာမှာပါ။ သားလေ ကျောင်းအရမ်း တက်ချင်နေပြီ မေမေရယ် ..

ဟာ ဟာ ဟာ..... ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်..

ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..

မေမေနောက်ကို လန်ကျသွားတယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ...

သားက တော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် ..

သားလေ အမေ့အတွက် လုံးဝကို စိတ်မကောင်းဘူး မေမေရယ် ..

ပြီးတော့ မေမေ စပြီး ငိုပါလေရောဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ..

အရမ်းမုန်းတာပဲ .. ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ

အသံတွေထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် .... ။ ဖေဖေ က

မေမေ့ကို " တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် .. မင်းကို ချစ်ပါတယ်"

လို.ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။

သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို.ရိုက်သေးလဲဟင် ..

သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင် မူးလာပြီ..

မေမေ.. သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာပြီနော် .. ။ မေမေလေ

ဖွားဖွားနဲ. Shopping ထွက်ပြီး အ၀တ်အသစ်တွေ ၀ယ်တယ်လေ .. မေမေ့ဗိုက်လေး

ပူလာတော့ အကျီ်တွေ မတန်တော့ လို.လားဟင် ?

မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘ၀မှာ အဲ့အသံက

အချိုမြိန်ဆုံးပါပဲဗျာ ... နားထောင်လို.ကို မ၀ဘူး မေမေရယ် ..

မေမေ။ သားကို စောင့်နေနော် သားမကြာခင် လူ.လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ

အမေ့အတွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် ... စိတ်ချပါ.. မေမေ့ကို

သားရင်ထဲ အသဲ ထဲက ကို ချစ်မှာပါ ။

မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို.ရပြီဗျ ..

သားဘာလို.လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်တဲ့အခါဆိုရင်

သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေးတာပေါ့ ဟိဟိ ပျော်လိုက်တာ

.. မေမေနဲ. သားနဲ. ကစားနေတာလေ ..။

ဒီနေ. ဖေဖေက မေမေ့ကို လာတွေ.တယ် .. သားကြောက်တယ်မေမေရယ်။ ဖေဖေ ဘာတွေ

အထူးအဆန်းလုပ်ပြီး လျှောက် ပြောနေလဲမသိဘူး မေမေ။ သူက မေမေ့ကို မလိုဘူးတဲ့

ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော .. ပြီးတော့ မေမေနဲ. ဖေဖေ စကားတွေ

များကြတယ်လေ ..

သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာချထားလိုက်

.. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိင်မကျင့်စေ ရဘူး ..

သားကာကွယ်ပေးမယ့် ။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက သူ.ကို လူကောင်းလို.

ထင်ထားလားမသိဘူးဗျာ .. သားအတွက်ကတော့ တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို

သူရိုက်တယ်လေ။ ပြီးတော့ သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့ ။ သူက

သားကိုဘာလို. မုန်းနေတာလဲ ဟင်။ သားမှာ ဘာများ အပြစ်ရှိလို.လဲ ဟင် ။ သားကို

ရှင်းပြပါဦး မေမေရယ် .. သားသိချင်လို.ပါဗျာ ... ။

"မေမေ.. မေမေ... မေမေ.." သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည မေမေ သားကို

ဘာမှလဲ မပြောဘူးနော်..

မေမေဘာဖြစ်နေတာလဲ ဟင် .. မေမေ နေကောင်းရဲ.လား ဟင် ?? သားစိတ်ပူလို.ပါ

အခုဆို မေမေ ဖေဖေနဲ. တွေ.တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ.က စပြီး

သားကိုဘာမှမပြောတော့ဘူး ၊ သားကိုလဲ မကိုင်တော့ဘူး ၊ မေမေ

သားကိုဂရုမစိုက်တော့ဘူး ။

မေမေ သားကိုကော ချစ်သေးရဲ.လားဟင်?

ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့ကို ချစ်နေမှာပဲ..

သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား .. ဘာလို.လဲဆိုတော့ မေမေက

အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်လေ.. သားကိုဖက်ထားတယ်လို.

သားခံစားရတယ် မေမေရယ်...။

ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိးနေတဲ့ အချိန်မှာ ဘာလို.

အဲ့လိုမလုပ်တော့တာလဲ မေမေရယ်.. အရင်တုံးကလို ဘာလို . မလုပ်တော့တာလဲ

မေမေရယ် .. သားငို ချင်လာပြီနော်.. ။

သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမရေဲ. ။ မေမေ သားအတွက ဂုဏ်မယူ ဘူးလားဟင်

..?? သားတို. ဒီနေ. နေရာသစ်ကို

သွားမယ်လို. မေမေနဲ. ဖွားဖွား ပြောနေသံကြားတယ် .. သားတော့

အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်တာ မပြောပါနဲ.တော့ ...

အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို. ပြောတာပဲ .. သားတော့ သိဝူး .. သိလဲ

သိချင်ပါဘူးလေ ။ မေမေနဲ. တူတူ၇ှိနေရင် သားပျော်ပါတယ် မေမေရယ်...။

သြော် သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေ၇ှိတဲ့ နေရာမလား ? မေမေ့ကို

သားပြောဖူးပါတယ် .. သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ... အခု

သားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ၀မ်းသာနေတယ်

မေမေရယ်..စိတ်လဲလှုပ်ရှားနေတယ်

ဗျာ ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ .. ဟိဟိ ...။

မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံ

တွေမြန်လာသလိုပဲနော်..။မေမေ ဘာတွေတွေးနေတာလဲ တော့ မသိဘူး .. ဒါပေမယ့် သား

လေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။

သားသိနေတယ်နော် မေမေ... တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။ သားကြောက်လာပြီ

မေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ.. သားကို ချစ်တယ်ဆိုတဲ့

စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေးသွားမှာပါ ။ တောင်းပန်ပါတယ်

မေမေရယ် .. ပြောပါ ပြောပါ။

သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို.ပြောချင်တယ် မေမေရယ်..။

မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို.သားကို ဘာတွေလုပ်နေလဲ မသိဘူး

..သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..

မေမေ့.. သားနာလို.ပါ မေမေရယ် .. ကယ်ပါမေမေရယ် .. သူတို.ကို ရပ်ခိုင်းပေးပါ

မေမေရယ် .. သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! ...

မေမေ့ကို ချစ်.. ချစ် ..ချစ်... တယ်... တယ်..

နော်..........................

...

/\iv./\iv./\iv./\iv/\iv./\iv/\

iv...../\iv ....

______________________________

________ (Heart Beats)

မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ

နတ်သား နတ်သမီးလေးတွေနဲ. အတူတူရှိနေပါတယ်မေမေ။ Angle လေးတွေက မေမေ

ဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ လိုက်တာတဲ့ (Abortion )

မေမေရယ် ... လုပ်ရက်လိုက်တာ .. ဘာလို.အဲ့လို လုပ်ရတာလဲဟင် ? မေမေ သားကိ

ုမချစ်ဘူးလား ? သားက မေမေ့ကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို.လား ?

မေမေရယ် ဖေဖေ မရှိလဲ သားမေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..

သားရယ် အမေရယ် ဘ၀ကို ရုန်းကန်ဖြတ်သန်းမယ်လို. သားမျှော်လင့်ထားတာပါ မေမေရယ်.. ။

မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ် ချစ်ပါတယ်မေမေရယ်။ သားကို

ဘာလို.ပြန်မချစ်တာလဲဟင် .. မေမေသားကို အရမ်းချစ်မယ်လို. သားထင်ထားတာပါ

မေမေရယ်..။ သူတို. သားလေ လူ.ဘ၀ကို ရောက်ချင်တယ် မေမေရယ်။ ဒီဘ၀မှာ

မနေချင်ဘူး မေမေရယ်။ သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို

ပညာရှင်ကြီးဖြစ်အောင်ကြိုးစာြး

ပိး လုပ်ကျွေးမှာ.. ( ဆရာဝန်တော့

သားမဖြစ်ချင်တော့ဘူး ၊ သား မုန်းသွားပြီ )

မေမေရယ် .. သားကို ဘာလို.မချစ်တာလဲ ဟင် ?

သားလေ မေမေမျက်နှာကို အဝေကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ် ..

သား အမေ့ကို နမ်းချင်တယ်..

မေမေနဲ. သားနဲ. ဆော့ချင်တယ်.. မေမေနဲ. သားနဲ. ညဘက် ကြယ်လေးတွေ တူတူရေ ချင်တယ် ...

သားလေ လူတွေ အလယ်မှာ ထွက်ပြီး ဒါငါ့အမေကွ လို. အော်ပြောချင်တယ် မေမေရယ်..

သာဆန္ဒ တွေ ဘာလို. မဖြစ်လာရတာလဲဟင်...

သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို.လားဟင် မလုံလောက်ခဲ့လို.လားဟင် ??

သား လောက မှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..

သား အမေ့အပေါ် အမှားလုပ်မိလို.လားဟင်.. အမှားလုပ်မိတာ၇ှိရင်

တောင်းပန်ပါတယ် မေမေရယ်..

ဟော .. မေမေ သားကို နတ်သားလေး တွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ...

သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး

"သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ ... "

Every abortion is just…

One more heart that was stopped.

Two more eyes that will never see.

Two more hands that will never touch.

Two more legs that will never run.

One more mouth that will never speak.

ကျွန်တော် ဒီစာလေးရဲ. မူရင်း (English version) ကို ဖတ်ပြီးပြီးချင်း ..

မျက်ရည်ကျမိလို.ဗျာ...

ဒါကြောင့် မနေနိင်တော့ဘဲ ဘာသာလေးပြန်ပြီး ဒီစာလေးရေးလိုက်တာပါဗျာ ..

ကျွန်တော် ဘာသာပြန်တာ မကောင်းခဲ့ ဘူးဆိုရင် တောင်းပန်ပါတယ်ဗျာ...

( သင် Abortion ကို ဆန်.ကျင်တယ်ဆို ကောက့်မန့် ပေးခဲ့ ပြီး ဒီ mail လေးကို FWD: လုပ်ပေးပြီး

လူတွေ သိအောင် လုပ်ပေးပါဗျာ ...)

Credit By Black Prince

ခင်ဗျားတို့လဲ ဘ၀မှာ လူမသိအောင်သတ်တဲ့လူသတ်သမားတွေမဖြစ်ကြပါစေနဲ့။

ဒီစာလေးကိုရှဲပေးကြပါဦး။

(မြန်မာသူငယ်ချင်းများအဖွဲ့ မှ ကူးယူဖော်ပြပါသည်။)

အသိပညာနှင့်ခေါက်တဲ့တူ

ဧရာမသင်္ဘောကြီးတစ်စင်းရဲ့အင်ဂျင်စက်ကြီးကို နှိုးလို့မရတာကို သင်္ဘောရဲ့ပိုင်ရှင်သိလိုက်ရတဲ့အခါ
ကျွမ်းကျင်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ယူပြီးစစ်ဆေးခိုင်းပါတယ် ...
ဒါပေမယ့် အင်ဂျင်ရဲ့ဘယ်အပိုင်းက ချို့ယွင်းနေတယ်ဆိုတာကို ဘယ်ပညာရှင်ကမှ မပြောနိုင်ကြပါဘူး...

ခဏကြာမှာတော့....
အဖိုးအိုတစ်ယောက်ကို ခေါ်ဆောင်လာပြန်ပါတယ်...အဲ့ဒီအဖိုးအိုဟာ ငယ်စဉ်ဘ၀ကထဲက သင်္ဘောပြင်ဆင်တဲ့ပညာရပ်ကို
လိုက်စားခဲ့သလို..သင်္ဘောတော်တော်များကိုလည်း..အခုအချိန်ထိပြင်ဆင်နေရဆဲလို့..သိရပါတယ်...
ကရိယာတွေထည့်ထားတဲ့အိတ်နွမ်းနွမ်းလေးတစ်လုံးကို သယ်ဆောင်လာတဲ့အဖိုးအိုရဲ့မျက်နှာသွင်ပြင်က
ဇရာအရေးအကြောင်းတွေပေါ်မှာ ဆီချေးတွေကနေရာယူထားပါတယ်...

အဖိုးအိုဟာ သင်္ဘောပေါ်ကိုရောက်ရောက်ချင်းပဲ..အလုပ်လုပ်ဖို့..အင်ဂျင်စက်ခန်းဆီတန်းတန်းမတ်မတ်ဝင်သွားပါတယ်
နှိုးမရဘူးဆိုတဲ့...ဧရာမအင်ဂျင်စက်ကြီးကို အနီးကပ်ပြီးသေသေချာချာစစ်ဆေးနေပါတယ်..
စက်ကြီးတစ်ခုလုံးကို ခြေဆုံးခေါင်းဆုံး လိုက်စစ်နေပါတော့တယ်..
အဲ့ဒီနောက်မှာတော့....အဖိုးအိုဟာ သူ့ရဲ့အိတ်ထဲက...တူသေးသေးလေးတစ်ချောင်းကိုနှိုက်ယူလိုက်ပါတယ်..
တကယ့်ကို..သေးငယ်တဲ့ တူလေးတစ်ချောင်းပါ...
သူဟာ အင်ဂျင်စက်ကြီးရဲ့တစ်နေရာကို တူလေးနဲ့ ငြင်ငြင်သာသာခေါက်လိုက်ပါတယ်..
ချက်ချင်းဆိုသလို...အိပ်ပျော်နေတဲ့စက်ကြီးဟာ အသက်ဝင်လာပါတော့တယ်...
အဖိုးအိုဟာ သူ့ရဲ့တူလေးကိုအသာယာဖယ်ရှားလိုက်ပြီး ၊ ပိုင်ရှင်ကို ပြင်ဆင်ပြီးကြောင်း လှမ်းပြောလိုက်ပါတယ်..

တစ်ပတ်အကြာမှာတော့...သင်္ဘောပိုင်ရှင်ဖြစ်သူဟာ အဖိုးအိုထံက ငွေတောင်းခံလွှာတစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်..
ပြင်ဆင်ခငွေကို ကြည့်လိုက်မိတဲ့အခါမှာတော့...ပိုင်ရှင်ခမျာပါးစပ်အဟောင်းသားဖြစ်သွားပါတယ်
ဒေါ်လာတစ်သောင်း....
ဒေါ်လာတစ်သောင်း...တောင်...ဒါဘယ်လိုဖြစ်နိုင်မှာလဲ
ဒီအဖိုးကြီးက..ဘာမှမယ်မယ်ရရလုပ်ခဲ့တာမှ မဟုတ်တာ...သူအဲ့လိုတွေးမိလိုက်ပါတယ်...။
ဒါကြောင့်...အဖိုးအိုဆီကို..ဒေါ်လာတစ်သောင်းအတွက် အသေးစိတ်စာရင်းတင်ပြပေးဖို့စာတစ်စောင်ရေးပို့လိုက်ပါတယ်...

နောက်တစ်ရက်မှာ
အဖိုးအိုဆီက ပြန်ပို့ပေးလိုက်တဲ့ အသေးစိတ်ငွေတောင်းခံလွှာစာရင်းကို ဒီလိုဖတ်ရှုရပါတယ်...


တူဖြင့်ခေါက်ခြင်း…….. $ 2.00

ခေါက်မယ့်နေရာကိုသိခြင်း ………… $ 9998.00

မှတ်သားရန်.....

အောင်မြင်မှုကိုရယူပိုင်ဆိုင်ချင်တဲ့သူတွေ ၊ ပိုကောင်းတဲ့ဘ၀တစ်ခုကို ရရှိချင်တဲ့သူတွေအတွက်
ကြိုးစားအားထုတ်မှုဆိုတဲ့အရာ ဟာအရေးကြီးပါတယ်...
ဒါပေမယ့်..သင်ဖြတ်သန်းနေတဲ့ဘ၀လမ်းပေါ်က ဘယ်လိုနေရာမျိုးမှာ ကြိုးစားအားထုတ်မှုကိုပိုပြီးပြုလုပ်သင့်သလဲဆိုတဲ့အချက်
က...( မိမိအားစိုက်ထုတ်ရမယ့်အလုပ်ကိုသိခြင်းက) သင့်ကိုတခြားသူတွေနဲ့ကွဲပြားခြားနားအောင်ပြုလုပ်ပေးပါလိမ့်မယ်.....
(မြန်မာသူငယ်ချင်းများအဖွဲ့ မှ ကူးယူဖော်ပြပါသည်)